ဝက်လက် ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊မင်းရွာကျေးရွာတွင်၊စိုက်ပျိုးရေးဦစီးဌာန နှင့် စိုက်ပျိုးရေးသုတေသန ဦစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုလားပဲ (၄) မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဒုဦဂစီးမှူး ဒေါ် မိုးဝတ် ရည်သောင်း၊ စခန်းတာဝန်ခံ ဒေါ်ဆွေဆွေဌေး နှင့် ဝန်ထမ်းများသည် ဇန်နဝါရီလ ၁၄ ရက်နေ့က ကွင်းများအတွင်းရောက်ရှိကာ ကုလားပဲမျိုးများ၏ အပင်ဖြစ်ထွန်းမှုအခြေနေကိုလည်းကောင်း ပိုးမွှားရောဂါ ကျရောက်မှုရှိ မရှိ တို့ကိုလည်းကောင်း တစ်မျိုးခြင်းစီ၏ အပင်အမြင့် ၊သီးတိုင်၊ သီးလုံး အရေအတွက် အချက်အလက် (Data)များ ကောက်ယူ ခဲ့ကြောင်းသိရသည်။
ယင်းနောက် တောင်သူများကို မျိုးယှဥ်ပြိုင်စမ်းသပ်ကွက်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်များ ၊ မျိုးတစ်မျိုးခြင်းစီ၏ အရည်အသွေးလက္ခဏာများကို သိရှိစေရန် ၊ မိမိဒေသရေမြေနှင့် ကိုက် ညီသော မျိုးများကို တောင်သူများကိုယ်တိုင် ရွေးချယ်စိုက်ပျိုးတတ်စေရန် စသော မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးရခြင်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
စိုးစိုးလှိုင် ( ဝက်လက်)