မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်(၄)ဦး ထပ်တိုးတွေ့ရှိ

မကွေး     ဇန်နဝါရီ    ၁၄

မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၁၄ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၄)ဦး ထပ်တိုးတွေ့ရှိ ခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်း(၂၉၀၈)ဦးထိ ရှိလာကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်း ဒီနေ့မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု  လျှော့နည်းခဲ့ပါတယ်၊ ကျန်းမာ ရေးကောင်းမွန်ပြီး ဆေးရုံက ဆင်းခွင့်ရသူတွေ ရှိသလို ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုတွေက  အနည်းနဲ့အများ ဆက်လက်ရှိနေတာပါ၊ ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက RDT စစ်ဆေးမှုအရ စုစုပေါင်း  ပိုးတွေ့ အတည်ပြု လူနာသစ်(၄)ဦး ထပ်တိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်၊ ဒီနေ့ တွေ့ရှိတဲ့ ပိုးတွေ့ အတည်ပြု လူနာတွေက မင်းဘူးက(၂)ဦး၊ စလင်းက(၁)ဦး၊မကွေး(၁)ဦးတို့ဖြစ်ပြီး အဲဒီထဲက မင်းဘူး၊ စလင်းနဲ့မကွေး(၁)ဦးစီက အနံ့ပျောက်လက္ခဏာပြလူနာတွေပါ၊ ကျန်တဲ့ မင်းဘူး(၁)ဦးက ပိုးတွေ့ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိသူ ဖြစ်ပါတယ်၊ တိုင်းဒေသကြီး အတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည် ပြုလူနာပေါင်းက(၂၉၀၈)ဦး ရှိလာပြီး လက်ရှိမှာ တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ခရိုင်၊ မြို့နယ်နဲ့ တိုက်နယ်ဆေးရုံတွေမှာ တက်ရောက် ကုသနေတဲ့ ပိုးတွေ့လူနာက(၂၇၃)ဦးရှိပြီးတော့ ကျန်းမာရေး ကောင်းမွန်ပြီး ဆေးရုံဆင်းခွင့် ရရှိသူက(၂၆၂၆)ဦးနဲ့ သေဆုံးသူက(၉)ဦး ဖြစ်တယ်လို့ မကွေးတိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာန လက်ထောက်  ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က အတည်ပြုပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ(P contact) များမှ ပိုးတွေ့လူနာများ ထပ်တိုး၍ တွေ့ရှိလာရသဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြု ဆင်ခြင်ပြုမှု နေထိုင်ကြဖို့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြဖို့ တိုက်တွန်းမှု များလုပ်ဆောင်လျက်ရှိကြောင်းနှင့် တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့မွန်းလွဲ ပိုင်းတွင် ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ လက်ဆေးခြင်း အလေ့အကျင့်ကောင်းများ ဆောင်ရွက် ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်တို့ကို အသိ ပညာပေးခြင်း တစ်ရပ်အဖြစ်  STOP COVID-19 အဝါရောင် အသိပညာပေး Campaig လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)