ဓနုဖြူမြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၅)လုံးဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့

ဓနုဖြူ ဇန်နဝါရီ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ အမှတ်(၁၆)ရပ်ကွက်အနီး ဧရာဝတီမြစ်ကမ်း တာမိုင်(၄၇/၁နှင့် ၄၇/) အကြားတွင် ယနေ့နံနက် (၁၀)နာရီခွဲအချိန်ခန့်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် အလျား(၁၂၀)ပေ၊ အနံ(၂၅)ပေခန့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အဆိုပါဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် မြစ်ကမ်းအနီးရှိ နေအိမ် ()လုံးအား ဘေးလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့ခဲ့ရပြီး လူနှင့်တိရစ္ဆာန် များထိခိုက် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း ဓနုဖြူမြို့မရဲစခန်းမှသိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)