မြောင် ဇန်နဝါရီ ၁၆
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ ဦးစီးဌာနတို့မှ (EXIM Bank) စိုက်ပျိုးစရိတ်ချေးငွေ အခြေခံသမဝါယမအသင်းစု အသင်းသားများအား စုဆောင်းငွေပေါ်မှ ရရှိသည့်အတိုး ငွေများကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်သမဝါယမ အသင်းစု ပြန်လည် ထုတ် ပေးလျက်ရှိကြောင်း သိရရှိရသည်။
ကျွန်မတို့အနေဖြင့် (EXIM Bank) စိုက်ပျိုးစရိတ် ချေးငွေမှ ရရှိလာသည့် အတိုးပေါ်မှ အသင်းစုများမှ အသင်းသား များအားပြန်လည်ထုတ်ပေးခြင်းဖြစ်ပါတယ်၊ အခုဆိုရင်(၁၄) ကြိမ်မြောက် ထုတ် ပေးခြင်းဖြစ် ပါတယ်"ဟု မြို့နယ်သမဝါယမ ဦးစီးဌာနဦးစီးအရာရှိ ဒေါ်သောင်းမေကပြော ပြသည်ကိုသိရှိရသည်။ ထိုနောက် အသင်းစုများမှ အသင်းသားများအား မြို့ နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးမြင့်သန်း နှင့် မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သောင်းမေတို့က အတိုးရရှိငွေများ အား ထုတ်ပေးခဲ့သည်။
အဆိုပါ(EXIM Bank) အသင်းပိုင်စိုက်ပျိုးစရိတ် ချေးငွေ အတိုးပေါ်မှ အသင်း စုပေါင်း(၈၇)ရှိ အသင်းသား (၆၉၉၄)ဦး အား ကျပ်သိန်းပေါင်း(၁၈၄၉၇.၉၈၃)ကျပ်အား ပြန်လည်ထုတ်ပေးခဲ့ သည်ကိုသိရှိရသည်။
တင်ကိုကို(မြောင်)