ဟင်္သာတ ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ ခိုလှုံရာခိုကိုးရာမဲ့ဘိုးဘွားရိပ်သာမှ မသန်စွမ်းသူများကို ယနေ့ နံနက် ၉ နာရီက ခရမ်းရောင်ကြာပန်း မသန်စွမ်းသူများစီးပွားရေးအဖွဲ့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့က လတ်တစ်လောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ လှူဒါန်းပေးခြင်းဖြစ်ပြီး ထောက်ပံ့ပေးအပ် သည့်ငွေများကို ဟင်္သာတခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဧရာဝတီတိုင်း ဒေသကြီး မသန်စွမ်းသူများအသင်း၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (ဟင်္သာတခရိုင်ရုံးခွဲ) ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က သတ်မှတ်ချက်များနှင့်အညီဖြစ်သည့် ဆင်းရဲနွမ်းပါပြီး အမြင်အာရုံ မသန်စွမ်းသူ၊ ကိုယ်အင်္ဂါ မသန်စွမ်းသူ၊ အပြောအကြား မသန်စွမ်းသူ၊ ဉာဏ်ရည် မသန်စွမ်းသူ (၁၀)ဦးအတွက် တစ်ဦးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း(၁၀)ဦးအတွက် ငွေကျပ်(၃)သိန်းကို မသန်စွမ်းသူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)