မုံရွာ ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးတွင်၂၀၂၀ ခုနှစ်အတွင်း၌ မီးလောင်မှု(၂၂၆)ကြိမ် ဖြစ်ပွား ခဲ့ရာတွင် ငွေကျပ် (၇၅၅.၄၆)သန်းဆုံးရှုံးခဲ့ကြောင် း စစ်ကိုင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထွဋ်ဦး ထံမှသိရသည်။
မီးလောင်မှု(၂၂၆)ကြိမ်တွင် မီးဖိုမီး(၅၁)ကြိမ်တွင် ဆုံးရှုံးမှုတန်ဘိုး ကျပ်(၆၅.၀၈)သန်း၊ ပေါ့ဆမီး (၅၉) ကြိမ်တွင် ဆုံးရှုံးမှုတန်ဘိုးကျပ်(၁၄၁. ၇၃)သန်း၊ လျှပ်စစ်မီး(၅၀)ကြိမ်တွင်ဆုံးရှုံ းမှု တန်ဘိုးကျပ်(၅၈.၆၇)သန်း၊ ရှို့မီး(၄၁)ကြိမ်တွင် ဆုံးရှုံးမှုတန်ဘိုးကျပ်(၄၄.၅၃) သန်း၊ အလို အလျောက် မီး(၆)ကြိမ်တွင်ဆုံး ရှုံးမှု တန်ဘိုးကျပ် (၄၃၆.၂၅)သန်း၊ တောမီး(၁၇)ကြိမ်တွင် ဆုံးရှုံးမှုတန်ဘိုးကျပ်(၉)သန်း နှင့် မိုးကြိုးမီး(၂) ကြိမ် လောင်းကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဘိုးကျပ် (.၂၀)သန်းရှိခဲ့ကြောင်း သိရသည်။
ခရိုင်အလိုက်မီးလောင်ဖြစ်ပွားမှု အနေဖြင့် စစ်ကိုင်းခရိုင်အတွင်း(၂၅)ကြိမ် ၊ မုံရွာခရိုင်အတွင်း(၄၅)ကြိမ်၊ ယင်းမာပင်ခရိုင်အတွင်း(၂၉)ကြိမ် ၊ရွှေဘိုခရိုင် အတွင်း(၄၉)ကြိမ်၊ ကန့်ဘလူခရိုင်အတွင်း(၁၆)ကြိမ်၊ ကောလင်းခရိုင် အတွင်း(၁၀)ကြိမ်၊ ကသာခရိုင်အတွင်း(၁၇)ကြိမ်၊ ကလေး ခရိုင် အတွင်း(၈)ကြိမ်၊ တမူးခရိုင် အတွင်း(၁၀) ကြိမ်၊ မော်လိုက်ခရိုင်အတွင်း(၁)ကြိမ် နှင့် ခန္တ်ီးခရိုင်အတွင်း(၁၆)ကြိမ် ရှိခဲ့ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး မီးသတ် ဦးစီးဌာန၏ မှတ်တမ်းများအရသိရသည်။
ဝင်းဦး(ဇေယျာတိုင်း)