ကျိုက်မရော ဇန် နဝါရီ ၁၆
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးနှင့် ပြည်သူလူထုအကြားရောဂါကာကွယ်ရေးနည်းလမ်းများကို ပိုမိုသိရှိ လိုက်နာစေရေးအတွက် နှာခေါင်းစည်း (mask)နှင့် မျက်နှာအကာ(face shield)များအားအခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက်၈နာရီအချိန်က မြို့နယ်အတွင်းရှိ လူအများစုဝေးရာနေရာဖြစ်သည့် မြို့မစျေးကြီးအတွင်းနှင့် ဆိုင်ကယ်ကယ်ရီဂိတ်များတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ နှာခေါင်းစည်း တပ်ဆင်သွားလာရေး(Mask Campign)လှုပ်ရှားမှုကို ကျိုက်မရော မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်နှင့် ဝန်ထမ်းများကဦးဆောင်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးနှင့်ဝန်ထမ်းများ ပူးပေါင်းကာ "STOP COVID-19၊ Mask တပ်ပါ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ" တစ်ဦးကိုတစ်ဦးအသိပေးပါ၊ သတိပေးပါဟူသည့် အသိပညာပေးဟောပြောမှုများကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိလိုက်နာစေရန် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါ နှာခေါင်းစည်း တပ်ဆင်သွားလာရေး (Mask Campign) လှုပ်ရှားမှုကို ဇန်နဝါရီလ၁၆ရက်နေ့မှ ၁၈ရက်နေ့ထိ(၃)ရက်ကြာ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးမှသိရသည်။
ချိုချို (ပြန်/ဆက်)