ပန်းတနော်မြို့မဈေးအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ပန်းတနော်  ဇန်နဝါရီ  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့မဈေးအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံနှံ့မှုမရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်က မြို့မဈေးအတွင်း အသိပညာပေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများ၊ ဈေးခုံတန်းများတွင် ရောင်းချနေသည့် ဈေးသည် များအား ကိုဗစ်-၁၉ရောဂါ  ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန် ထား သည့် စည်းကမ်းချက်နှင့်အညီ လိုက်နာမှုရှိစေရေး နှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်းများနှင့်နှာခေါင်းစည်း(Mask) များ စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာပေးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)