ဆွမ်ပရာဘွမ် ဇန်နဝါရီ ၁၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်ကျေးရွာ အဝေရာပါရမီကျောင်းတိုက်အတွင်း “ရွှေတိဂုံပုံတူ ရန်ကင်းအောင်ငြိမ်းချမ်းရေး စေတီတော်” ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ ၄၅ အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ကချင်ပြည်နယ် သံဃနာယက ဥက္ကဋ္ဌ ဝန်းသိုဆရာတော်၊ နေပြည်တော် စမတောင် ဆရာတော်၊ ရွှေဆံပင်ဆရာတော်၊ အောင်ဇေယျာအောင်ဆရာတော်၊ ပူတာအိုတောင်တန်း ဆရာတော်၊ လုံရှာယန် ဆရာတော်၊ ဆွမ်ပရာဘွမ်ဆရာတော်၊ ဖုန်ကျန်း ဆရာတော်၊ ဆွမ်ပရာဘွမ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ “ရွှေတိဂုံပုံတူ ရန်ကင်းအောင် ငြိမ်းချမ်းရေးစေတီတော်” ပန္နက်တော်တိုင် စိုက်ထူပေးခဲ့ကြောင်း၊ “ရွှေတိဂုံပုံတူ ရန်ကင်းအောင် ငြိမ်းချမ်းရေး စေတီတော်” ၏ ဉာဏ်တော်အမြင့်မှာ ၃၆ ပေဖြစ်ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ရှိကြောင်း သိရသည်။
ကုဋေ ( ပြန်/ဆက်)