မကွေး ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီးတွင် ယမန်နေ့က တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ် ပိုးတွေ့ အတည်ပြုလူနာသစ် (၂၇) ဦး ထပ်တိုးတွေ့ရှိခဲ့ပြီး တိုင်းဒေသကြီး အတွင်းမှာ အတည်ပြုလူနာပေါင်း (၃၀၀၃) ဦးထိ ရှိလာ ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်းမှာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံက ဆင်းခွင့်ရသူတွေရှိသလို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေက ဆက်လက်ရှိနေဆဲဖြစ်ပါတယ်၊ ဒီနေ့တိုင်းဒေသကြီးမှာ ပိုးတွေ့ တွေရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးမှုအရ စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာသစ်(၂၇)ဦး ထပ်တိုး တွေ့ရှိခဲ့တာပါ၊ တွေ့ရှိတဲ့ ပိုးတွေ့အတည်ပြု လူနာတွေက စလင်းက(၆)ဦး၊ မကွေးက (၅)ဦး၊ အောင်လံက (၄) ဦး၊ ဆိပ်ဖြူနဲ့ မင်းဘူးက (၃) ဦးစီ၊ မြို့သစ်၊ ပခုက္ကူ၊ ဆော၊ နတ်မောက်၊ ချောက်နဲ့ ရေနံချောင်း က(၁)ဦးစီတို့ဖြစ်ပါတယ်၊ ပိုးတွေ့ရှိခဲ့တဲ့ လူနာတွေထဲက စလင်း(၁)ဦး၊မင်းဘူးက(၁)ဦး၊အောင်လံက (၁)ဦး၊စလင်းက(၁)ဦးနဲ့ ဆိပ်ဖြူ(၁)ဦးတို့က ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာ ကန့်သတ်ထားသူတွေပါ၊ အနံ့ပျောက်လက္ခဏာ ပြလူနာတွေက အောင်လံက(၂)ဦး၊ စလင်းက(၂)ဦး၊ မင်းဘူးက(၂)ဦး၊ မကွေးက(၁)ဦးနဲ့ ချောက်က(၁)ဦးတို့ ဖြစ်ပါတယ်၊ နောက်ထပ် မကွေးက ဖျားခြင်း လက္ခဏာပြလူနာ(၃)ဦးနဲ့ စောင့်ကြည့်လူနာက(၁)ဦးဖြစ်ပြီးတော့ အောင်လံက(၁)ဦး၊ ရေနံချောင်း (၁) ဦးနဲ့ မကွေး(၁)ဦးက ယာဉ်မောင်း၊ယာဉ်နောက်လိုက်တွေပါ၊ မြို့သစ်(၁)ဦးနဲ့ ဆိပ်ဖြူ(၁)ဦးတို့က ခရီးသွားရာဇဝင်ရှိလို့ အသွား အလာ ကန့်သတ်ထားသူတွေဖြစ်ပြီး ကျန်တဲ့ ပိုးတွေ့လူနာတွေက ရန်ကုန်ပြန် (Quarantine Centre) တွေက ဖြစ်ပါတယ်၊ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာပေါင်းက (၃၀၀၃) ဦးရှိခဲ့ပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက အတည်ပြုပြော ကြားသည်။
လက်ရှိမှာ မကွေးတိုင်းဒေသကြီး အတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ အတည် ပြုလူနာ စုစုပေါင်း (၃၀၀၃) ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ (၂၈၃) ဦးနဲ့ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၂၇၁၁) ဦးရှိကာ သေဆုံးသူက (၉) ဦးရှိကြောင်း မကွေးတိုင်းဒေသ ကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
သန်းနိုင်ဦး(ငဖဲ)