အထက(သဲကုန်း)တွင် ဆောက်လုပ်နေသည့် သုံးထပ်ကျောင်းဆောင်သစ် ပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 20,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အထက(သဲကုန်း)တွင် တည်ဆောက်နေသည့် (RCC) သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လဝကဦးစီးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ၂၅%ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။