မင်းလှ မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်မှ မဲဆန္ဒရှင်စာရင်း များအား ပြန်လည်စိစစ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲချိန်မှ စတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများ ပြန်လည်စိစစ်ခြင်းလုပ်ငန်းကို သယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လ/ထ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမွန်နှင့် ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ခိုင်တို့၏ ကြီးကြပ်မှုဖြင့် မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်နှင်းဝေအောင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(၉)ဦးမှ ဝန်ထမ်းများဖြင့် မဲဆန္ဒရှင်စာရင်းတွင် နှစ်ကြိမ်ထက် ပိုမိုပါဝင်သော စာရင်းများစစ်ဆေးခြင်း၊ မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေးကက်ပြားနံပါတ် နှစ်ကြိမ်ထက် ပိုမိုထပ်ရှိနေသော စာရင်များစစ်ဆေးခြင်းတို့ကို နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအချိန်ထိ လေးပတ်ခန့်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ