ဂွမြို့နယ် လူထုအဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းအတွက် (ဒုတိယအကြိမ်) တင်ပြသော လုပ်ငန်းများအပေါ် ညှိနှိုင်းအတည်ပြုဆွေးနွေး

ဂွ    မေ   ၂၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်လူထုအဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းအတွက် (ဒုတိယအကြိမ်) ကျေးရွာများမှ တင်ပြလာသော လုပ်ငန်းများအပေါ် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်ကော်မတီဝင်များ ညှိနှိုင်းအတည်ပြု ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ "လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ထားသည့် ကာလအတွင်း အရည်အသွေး ပြည့်မီစွာ ပြီးစီးနိုင်ရေးနှင့် ငွေကြေးများသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ သုံးစွဲသွားနိုင်ရေး"တို့ကို အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံမှ စီမံကိန်းကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများကို ဆွေးနွေးပြီးတင်ပြသည့် လုပ်ငန်းများအပေါ် မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များက မိမိတို့ဌာနများနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ပြန်လည်ညှိနှိုင်း အတည်ပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းအတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျေးရွာပေါင်း (၁၆၇) ရွာဖြစ်ပြီး (ပထမအကြိမ်) ကျေးရွာအုပ်စ (၂၆) အုပ်စုတွင် လုပ်ငန်း ခွဲ (၇၂)ခုကို ကျေးရွာပေါင်း (၇၀)တွင် ဆောင်ရွက်လျက်ရှိပြီး ယခု (ဒုတိယအကြိမ်) ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ကျေးရွာအုပ်စု()အုပ်စုရှိ လုပ်ငန်းခွဲပေါင်း (၃၁)ခုအတွက် မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီနှင့် လုပ်ငန်းများအပေါ် ညှိနှိုင်းအတည်ပြု ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်း