မြဝတီ မေ ၂၀
ကရင်ပြည်နယ် မြဝတီမြို့တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်မှုမဖြစ်ပွားစေရန်နှင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယမန်နေ့ည (၈)နာရီခွဲအချိန်က မြို့တွင်း၊ ရပ်ကွက်နေရာများ၌ မီးဘေးအန္တရာယ် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်ရာတွင် မြဝတီခရိုင် မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စီးဖြင့် မြို့အတွင်း၌ လှည့်လည်၍ ပြည်သူများ လျှပ်စစ်မီးအသုံးပြုရာတွင် စနစ်တကျအသုံးပြုရန်၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကတ်များ၊ ရေပုံး၊ သဲပုံးများ စနစ်တကျ ထားရှိရန်နှင့် မီးလောင်မှုဖြစ်ပွားနိုင်သည့် အချက်အလက်များ၊ မီးများ ကို အသုံးပြုရာတွင် အထူးဂရုပြု ဆောင်ရွက်ရန်၊ လျှပ်စစ်မီးအသုံးပြုရာတွင် လိုက်နာဆောင်ရွက်ရ မည့်အချက်များအား မြို့အတွင်း၌ အသံချဲ့စက်ဖြင့် လှည့်လည်၍ နှိုးဆော်ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်