ဝန်းသိုမြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်း တစ်ဧက အစို ၁၂၆တင်းထွက်ရှိ
May 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ ဖြစ်သော အာမခံကျေးရွာအုပ်စု ဩဂကျေးရွာ၊ ကွင်းအမှတ် (၁၂၉၈)၊ ဦ:ပိုင်အမှတ် (၂၃/၆)၊ တောင်သူ ဦးမျိုးဝင်း ၏ နွေစပါးမှော်ဘီ(၂)စိုက်ကွင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်လယ်/စီ/အင်းအဖွဲ့ပူးပေါင်း၍ ယမန်နေ့က စံကွက်ရိတ်သိမ်းပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တစ်ဧက အစို ၁၂၆ တင်း ထွက်ရှိခဲ့ကြောင်း သိရ သည်။