မန္တလေး မေ ၂၀
မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်တည်ငြိမ်အေးချမ်းရေး အဖွဲ့ဝင်များ တွေ့ဆုံပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်သည်။
တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးမောင်ကိုက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်တည်ငြိမ်အေးချမ်းရေးအဖွဲ့များနှင့်ရပ်မိရပ်ဖများက မိမတို့ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။၄င်းနောက် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးမောင်ကိုက နိဂုံးချုပ်အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ရပ်ကွက်တည်ငြိမ်အေးချမ်းရေးအဖွဲ့များနှင့်ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်