ပိုင်ကျုံမြို့အတွင်းရှိအခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး စတင်လက်ခံဆောင်ရွက်ပေး
May 24,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကျောင်းနေရွယ်ကလေးများ အားလုံးပညာသင်ယူနိုင်ရေး အတွက် အခြေခံပညာကျောင်းများအား ဇွန်လ(၁)ရက်နေ့တွင်စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပညာသင်ယူနိုင်ရေးအတွက် ကျောင်းအပ်နှံလက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ အခြေခံပညာ ကျောင်းများဖြစ်သည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ စတင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။