တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်လက်ခံလျက်ရှိ

တာချီလိတ် မေ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ရှိအခြေခံပညာကျောင်းများ၌ယနေ့ နံနက် ၉ နာရီမှ စတင်ကာ ၂၀၂၁-၂၀၂၂ ခုနှစ်၊ပညာသင်နှစ်အတွက် ကျောင်းသားများကို စတင်လက်ခံလျက် ကြောင်းသိရသည်။

မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ထိကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရေးနေ့ သီတင်း ပတ်အဖြစ်သတ်မှတ်ထားပြီးကျောင်းအပ်လက်ခံလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့သည် မြို့ပေါ်ရှိအခြေခံပညာကျောင်းများသို့ လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ကျောင်းအပ်နှံရာတွင် မည်သည့်ငွေကြေးမျှပေးဆောင်ရန်မလိုဘဲ ကျောင်းသားများကို ဗလာ စာအုပ် ဘောပင် သင်ရိုးညွန်းတမ်းစာအုပ်၊ နှာခေါင်းစည်းနှင့်မျက်နှာအကာတို့ကို အခမဲ့ထုတ်ပေး ပြီးအားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီ သင်ကြားပေးသွားမည်ဖြစ်ကြောင်သိရသည်။

ဆရာဆရာမများနှင့်ကျောင်းသား ကျောင်းသူများ လုံခြုံပြီး တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်ထံမှသိရှိရသည်။

ယာဆေး(ပြန်/ဆက်)