မင်းဘူး မေ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ် ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ မင်းဘူး(စကု) မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စတင်ကျောင်းအပ်လက်ခံပေး လျက်ရှိကြောင်း သိရသည်။
ကျောင်းလာရောက်အပ်နှံရာတွင် ကျောင်းသားမိဘများထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံ ခြင်းမရှိဘဲ ကျောင်းသား/ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနက ကျောင်းသားတစ်ဦးလျင် ကျောင်းသုံးပြဌာန်းစာအုပ်(ပုံနှိပ်စာအုပ်) တစ်စုံ၊ ဗလာ စာအုပ် တစ်ဒါဇင်၊ ဘော့စ်ပင် နှစ်ချောင်း၊ ခဲတံ နှစ်ချောင်း၊ Mask နှစ်ခုနှင့် Face Shield တစ်ခုတို့ကို အခမဲ့ ဖြန့်ဝေထောက်ပံ့ပေးထားကြောင်း သိရသည်။
ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၁ ခုနှစ်၊ မေလ (၂၄) ရက်နေ့မှ (၃၁)ရက် နေ့အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှစတင်၍ ပညာသင် ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)