ရွှေကျင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများကို အခမဲ့ဆောင်ရွက်ပေး

ရွှေကျင် မေ ၂၄

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် မေ ၂၄ရက် နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေကျင်မြို့နယ်အတွင်းရှိ အ. မ.က (ခွဲ) အပါအဝင် ထက်၊ လယ်၊ မူ (၈၄) ကျောင်း ဘက(၄)ကျောင်း ကိုယ်ပိုင်ကျောင်း(၁)တို့၌ ကျောင်းအပ်နှံခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ကျောင်းများအလိုက် ဆရာ၊ ဆရာများက လက်ခံ ဆောင်ရွက်ပေးနေပြီး အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်း ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် ဗလာစာအုပ် ဘောပင် ခဲတံ ပေတံ Mask နှင့် Face Shield စသည့် ပစ္စည်းများကို အခမဲ့ ထောက်ပံ့ပေးနေကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင် မေလ၂၄ ရက်နေ့မှ ၃၁ ရက်ထိ ကျောင်းအပ်လက်ခံပေးသွားမှာဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)