မုဒုံမြို့တွင် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းအပ် လက်ခံ

မုဒုံ မေ ၂၄ မွန်ပြည်နယ်မုဒုံမြို့နယ်တွင် အခြေခံပညာ (ထက်/လယ်/မူ) ကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကမ္ဘာ့ ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းလာရောက်အပ်နှံသည့် မိဘပြည်သူ၊ ကျောင်းသား/ သူများအား ကိုယ်ပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့်လက်သန့်စင်ခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းများနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုရှိစေရန် အတွက်နယ်မြေခံ တပ်မှတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်သားများနှင့် ကျောင်းကော်မတီဝင်များမှ ကျောင်းလုံခြုံရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်လက်ခံခြင်းကိုမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း(၁၀၂) ကျောင်းတွင် ယနေ့မှစတင်၍ (၃၁) ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဇွန်လ(၁) ရက်နေ့တွင် ကျောင်းများဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။ အောင်မျိုးသူ(ပြန်/ဆက်)