ပခုက္ကူ မေ ၂၄
ပခုက္ကူမြို့နယ်တွင်" ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံ ကြပါစို့" ဆောင်ပုဒ်နှင့်အညီ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ၂၄ ရက်ကစတင်ပြီး ကျောင်းအပ်လက်ခံသည်။
ကျောင်းအပ်လက်ခံရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအချက်များနှင့်အညီ ဆောင် ရွက်လျက်ရှိပြီး၊ ကျောင်းအပ်သည့် ကျောင်းသား/ကျောင်းသူများထံမှ မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိဘဲ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကိုဗစ်-၁၉ ရောဂါကြို တင်ကာကွယ်ရေးအတွက် မျက်နှာအကာ၊ ပါးစပ်နှင့် နှားခေါင်းစည်း အခမဲ့ ထုတ်ပေးကြောင်း သိရသည်။
အခြေခံပညာကျောင်းများကို ကျောင်းအပ်နှံရေး သီတင်းပတ်လက်ခံဆောင်ရွက်ပြီး ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်ပြီး စာသင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ကီးလိန်းဖေ