သတင်းများ

မြောင်မြို့တွင် ညောင်ရေသွန်းပွဲတော်ကျင်းပ
May 26,2021
စစ်ကိုင်းခရိုင်၊ မြောင်မြို့ တွင် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းခြင်းကို ယမန်နေ့ ညနေ(၅)နာရီကမြောင်မြို့ တောင်ရပ်ကွက် သမိုင်းဝင် ဝက်မစွတ် ကျောင်း တိုက် အတွင်းရှိ ဗောဓိ ညောင်ပင်အားသွန်းလောင်းပူဇော်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁-ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 26,2021
မန္တလေးတိုင်းဒေကြီး၊ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ၂၀၂၁-ခုနှစ် မိုးရာသီ သီးနှံစိုက်ပျိူးစရိတ်ချေးငွေများကို၊ ယနေ့ နံနက်(၉)နာရီမှစတင် ဘူတာရပ်ကွက်ရှိ ပိန္နဲတော ဘုန်းတော်ကြီးကျောင်းတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးနေကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွား များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်
May 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် မကူးစက်နိုင်သော ရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်(အင်းစိန်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့ရှိ ရှင်ပင်ချမ်းသာကြီးမြတ်စွာဘုရားဝန်းအတွင်း ညောင်ရေသွန်းပွဲတော်ကျင်းပ
May 26,2021
နှစ်စဉ်ကျင်းပလျက်ရှိသည့် ကဆုန်လပြည့်နေ့ညောင်ရေသွန်းပွဲကို ယမန်နေ့ညနေ ၅နာရီ အချိန် က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ ရှင်ပင်ချမ်းသာကြီး ဘုရားဝန်းအတွင်း ဘောဓိညောင်ပင် တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၇၁)နှစ်နှင့်အထက် ဘိုးဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
May 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၇၁)နှစ်နှင့်အထက် ဘိုးဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့ နံနက်ပိုင်းက ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ထရန်စဖော်မာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား
May 26,2021

ကော့သောင်းမြို့၊ ကမ်းနားလမ်း မြန်မာ့ရှေ့ဆောင်ဘဏ်သို့ လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် ဓာတ်တိုင်ရှိ ထရန်စဖော်မာ၏ မိန်းဘုတ်ခုံမှ ဝါယာရှော့ဖြစ် ကာ ယနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ် စတင်လက်ခံ
May 26,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် အတွက် မြို့နယ်လုံးကျွတ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ၊ ကျောင်းသား/သူများကို မေလ ၂၄ ရက်နေ့မှ ၃၁ ရက် နေ့ထိ၊ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ၊ ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားသို့တက်ရောက်
May 26,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ကဆုန်လပြည့်နေ့ ညောင်ရေ သွန်းလောင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေက မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း နှင့် ကောင်စီဝင်များ၊ ပြည်နယ်တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။