သတင်းများ

မင်္ဂလာဒုံမြို့နယ်​ ဘားလား​ချောင်းအတွင်းသို့ ငါးသား​ပေါက်​ကောင်​ရေ (၇)သိန်းခွဲ စိုက်ထည့်
May 26,2021
ရန်ကုန်တိုင်း​ဒေသကြီး မြောက်ပိုင်းခရိုင် ​မင်္ဂလာဒုံမြို့နယ်​ ထောက်ကြန့်ဘားလား​ချောင်းအတွင်းသို့ ငါးမြစ်ချင်းငါးသား​ပေါက်​၊ ရွှေဝါငါးချင်းငါးသား​​ပေါက်၊ ငါးခုံးမကြီးငါးသား​ပေါက်မျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်​နေ့နံနက်(၈)နာရီက ဘားလား​ချောင်း၌ ကျင်းပခဲ့သည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ရမည်းသင်းမြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 26,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်သည်။
မိတ္တီလာမြို့ရှိ တန်ခိုးကြီးဘုရားများတွင် ကဆုန်လပြည့်နေ့၌ ဘုရားဖူးသူ ညောင်ရေသွန်းပူဇော်သူများဖြင့် စည်ကား
May 26,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့ရှိ တန်ခိုးကြီးဘုရားများတွင် ယမန်နေ့ (ကဆုန်လပြည့်) ညနေပိုင်းအချိန်က ဘုရားဖူးသူများ၊ ညောင်ရေသွန်းပူဇော်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများဆောင်ရွက်
May 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ရှမ်းရွာသစ်မြို့ရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ကျန်းမာရေး အသိပညာဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ   ကင်းဝေးစေရန်ရည်ရွယ်၍  ယနေ့နံနက်(၉)နာရီခန့် တွင် ရှမ်းရွာသစ်မြို့တိုက်နယ်ဆေးရုံတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ပြင်ဉီးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
May 26,2021
ပြင်ဉီးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက   ပြင်ဦးလွင်မြို့ရှိ ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အမျိုးသမီး​ဘောလုံးအသင်းများနှင့်ဘောလုံးဝါသနာရှင်ပရိသတ်များ တက်ရောက်ကြသည် ။
ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ကဆုန်ညောင်ရေသွန်းပွဲတော်များ စည်ကားသိုက်မြိုက်စွာကျင်းပ
May 26,2021

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့ မေလ ၂၅ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ် သာသနာ့နယ်မြေများအတွင်းရှိ ဗုဒ္ဓဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်အား ကဆုန်လ၏ အပူဒဏ်သက်သာ စေရန် ရေစင်သွန်း လောင်ပြီး ကဆုန်ညောင်ရေသွန်း ပွဲတော်များကို စည်ကားသိုက် မြိုက်စွာကျင်းပ နေကြ သည်။

မိတ္ထီလာမြို့နယ် အင်းပက်လက်ကျေးရွာတွင် ရွှေတိဂုံရွှေဘုန်းပွင့်စေတီတော် ရွှေထီးတော်တင်လှူပူဇော်ပွဲ ကျင်းပ
May 26,2021
မိတ္ထီလာမြို့နယ်၊ ကျောက်ဖြူကုန်းကျေးရွာအုပ်စု အင်းပက်လက်ကျေးရွာတွင် ပေါက်ပင်အိုင်ကျောင်းတိုက် ဦးစီးပဓနနာယက ဆရာတော်ဘဒ္ဒန္တပညာစာရ၏ ဦးဆောင်မှုဖြင့် ရွှေတိဂုံရွှေဘုန်းပွင့် စေတီတော်အား ရွှေထီးတော်တင်လှူပူဇော်ပွဲကို ယမန်နေ့ (ကဆုန်လပြည့်) နံနက် ၈ နာရီအချိန်က ကျင်းပကြောင်း သိရသည်။
ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် မဟာဗောဓိညောင်ပင်တည်ရှိရာနေရာများတွင် ညောင်ရေသွန်းလောင်း ကုသိုလ်ယူသူများ၊ စတုဓိသာကျွေးမွေးသူများဖြင့်စည်ကား
May 26,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကဆုန်လပြည့်၊ ဗုဒ္ဓနေ့ဖြစ်သည့် ယမန်နေ့ မွန်းလွဲ(၃)နာရီမှ စတင်၍ မဟာဗောဓိညောင်ပင်တည်ရှိရာ ကျောင်း၊ ကန်၊ ဘုရားများတွင် ညောင်ရေသွန်းလောင်း ကုသိုလ်ယူသူများ၊ စတုဓိသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်းသိရသည်။