ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ် စတင်လက်ခံ

 
ပုဏ္ဏားကျွန်း မေ ၂၆
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် အတွက် မြို့နယ်လုံးကျွတ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ၊ ကျောင်းသား/သူများကို မေလ ၂၄ ရက်နေ့မှ ၃၁ ရက် နေ့ထိ၊ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ၊ ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်လက်ခံရာတွင် မည်သည့်အခကြေးငွေများ ကောက်ခံမှုများ မရှိသည့် အပြင် နိုင်ငံတော်မှ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပန်၊ ခဲတံ၊ နှာခေါင်းစည်း (Mask)၊ မျက်နှာကာ Face Shield တို့ကို ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ထောက်ပံ့ပေးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၉၉) ကျောင်းနှင့် ဘုန်းတော်ကြီး သင်ကျောင်း (၅) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃) ကျောင်းရှပြီး၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစ၍ အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နီထွန်းအောင်