ကော့သောင်းမြို့တွင် ထရန်စဖော်မာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား

ကော့သောင်း မေ ၂၆
ကော့သောင်းမြို့၊ ကမ်းနားလမ်း မြန်မာ့ရှေ့ဆောင်ဘဏ်သို့ လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် ဓာတ်တိုင်ရှိ ထရန်စဖော်မာ၏ မိန်းဘုတ်ခုံမှ ဝါယာရှော့ဖြစ်ကာ ယနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၇ နာရီခန့်က မိုးများရွာသွန်းနေစဉ် ကော့သောင်းမြို့၊ ကမ်းနားလမ်းရှိ မြန်မာ့ ရှေ့ဆောင်ဘဏ် သို့လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် ဓာတ်တိုင်ရှိ ထရန်စဖော်မာ မိန်းဘုတ်ခုံအတွင်း ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းသဖြင့် အနီးအနားပြည်သူများက မီးသတ်ဦးစီးဌာနသို့ အချိန်မီ အကြောင်းကြားနိုင်ခဲ့ရာ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးအောင်ငြိမ်းဦးနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်များ လာရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ထရန်စဖော်မာ မိန်းဘုတ်ခုံမီးလောင်ပျက်စီးခဲ့ရပြီး ဘဏ်အတွင်းသို့ ကူးစက်လောင်ကျွမ်းမှုမရှိကြောင်း၊ ပျက်စီးသွားသည့် ထရန်စဖော်မာမိန်းဘုတ်ခုံအား မြို့နယ်လျှပ်စစ် ဓာတ်အားပေးဌာနမှ တာဝန်ရှိသူများက အချိန်မီပြန်လည်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)