ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၇၁)နှစ်နှင့်အထက် ဘိုးဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

 

ဘုတလင် မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၇၁)နှစ်နှင့်အထက် ဘိုးဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့ နံနက်ပိုင်းက ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၇၁)နှစ်နှင့် အထက် ဘိုးဘွား (၃၂၂) ဦး၊ နိုင်ငံ့ဝန်ထမ်း (၅၄၃) ဦးနှင့် ဝန်ထမ်းမိသားစုဝင် (၈၅) ဦး၊ စုစုပေါင်း (၉၅၀)ဦးတို့ကို မြို့နယ်ကုသရေးဦးစီးဌာန ကာကွယ်ဆေးထိုးအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။

ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး မေလ(၂၇)ရက် တွင် ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။ ဖိုးခါး