မြောင်မြို့တွင် ညောင်ရေသွန်းပွဲတော်ကျင်းပ

မြောင်   မေ  ၂၆

စစ်ကိုင်းခရိုင်၊ မြောင်မြို့ တွင် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းခြင်းကို ယမန်နေ့ ညနေ(၅)နာရီကမြောင်မြို့ တောင်ရပ်ကွက် သမိုင်းဝင် ဝက်မစွတ် ကျောင်း တိုက် အတွင်းရှိ ဗောဓိ ညောင်ပင်အားသွန်းလောင်းပူဇော်ခဲ့ကြောင်း သိရသည်။

 

ဗောဓိညောင်ပင်အားသွန်လောင်း ပူဇော်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင် ထွန်း၊မြို့နယ် ရဲတပ်ဖွဲမှူးရဲမှူး ဇော်ဝင်းနိုင်၊ဌာနဆိုင်ရာဝန်ထမ်းများနှင့်မြို့ ပေါ် ရပ်ကွက် ရှိ ပြည်သူများမှ ဗောဓိညောင်ပင်အား သွန်းလောင်း ပူဇော်ခဲ့ကြောင်း သိရ သည်။

 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ထွန်းနှင့် ဌာနဆိုင်ရာများ မှဝက်မစွတ် ကျောင်းတိုက် နာယကဆရာ တော်ဘဒ္ဒန္တကာဠုထံသို့ လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ ကြကြောင်း သိရသည်။

 

မြို့နယ်