မင်းဘူး မေ ၂၆
နှစ်စဉ်ကျင်းပလျက်ရှိသည့် ကဆုန်လပြည့်နေ့ညောင်ရေသွန်းပွဲကို ယမန်နေ့ညနေ ၅နာရီ အချိန် က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ ရှင်ပင်ချမ်းသာကြီး ဘုရားဝန်းအတွင်း ဘောဓိညောင်ပင် တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ညောင်ရေသွန်းသဘင်ဆင်နွှဲရာတွင် သက်ဆိုင်ရာမြို့နယ်အသီးသီးမှာ ကျင်းပပြုလုပ်ခဲ့ကြ သလို ကျွန်တော်တို့မင်းဘူးမြို့မှာလည်း မြတ်စွာဘုရားရှင်နှင့်တကွ ဓာတ်တော်မွေတော်တွေကို ရည်မှန်း၍ မြို့ပေါ်ရပ်ကွက်အသီးသီးမှာရှိကြတဲ့ ဝတ်အသင်းများနဲ့ သီလရှင် ဆရာလေး ဆရာကြီးများက မဟာဘောဓိပင်အား ရေသပ္ပာယ်ခြင်း၊ ဓမ္မစကြာတရားများ ရွတ်ဖတ် ပူဇော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးမြို့ ချမ်းသာကြီး လူမှုကူညီရေး အသင်းဉက္ကဋ္ဌ ဦးသက်ထွန်းထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)