ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

 

ဒဂုံအရှေ့ ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန် အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို  ယနေ့နံနက်(၁၁) နာရီက ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသူက အဖွင့်အမှာစကား ပြောကြားပြီး အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဦးနေဝါထွန်း  က လူမှု ဝန်ထမ်းဦးစီးဌာနအနေဖြင့်ဆောင်ရွက်လျက်ရှိသော  လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး အခမ်း အနားတက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိ သူများက လက်ရှိဆောင်ရွက် လျက်ရှိသော လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ပြောကြား  ခဲ့သည်။

ထို့နောက်မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အမျိုးသမီး ကော်မတီ အတွင်းရေးမှူး  ဒေါ်နှင်းနှင်းဝေက အခမ်းအနားတက်ရောက်လာကြသောဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့ များအား ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်သွားကြရန် နိဂုံးချုပ် အမှာ စကားပြောကြားပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အေးမဉ္ဇူ(ပြန်/ဆက်)