ငပုတောမြို့နယ်အတွင်း၌ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်လူဦးရေစာရင်းနှင့်မှတ်ပုံတင်များပြုလုပ်ပေးရန်စာရင်း များကောက်ယူ

ငပုတော     ဇွန်     ၁၆

ဧရာဝတီတိုင်းဒေသကြီး၊  ငပုတောမြို့နယ်၊  ဟင်းအိုးချောင်းကျေးရွာအုပ်စု  အတွင်း၌ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုရင်းနှင့်မှတ်ပုံတင် တစ်ခါမျှကိုင်ဆောင်ထားခြင်းမရှိသူများ၊ အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးခြင်းများကို အမြန်ဆုံးပြန်ရရှိရေးဆောင်ရွက် ပေးနိုင်ရန်အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အငယ်တန်းရေးတို့က စာရင်းများကောက်ယူခြင်းကို ယနေ့မှ ၂၅ရက်နေ့အထိ ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ထိုကဲ့သို့ဆောင်ရွက်ရခြင်းမှာ ဟင်းအိုးချောင်းကျေးရွာအုပ်စုအတွင်း အမှန်တကယ်နေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆) ပြုလုပ်ရခြင်းမရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ်များ မရှိသေးသူများ ရှိနေခြင်းကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးက အုပ်စုအတွင်း နေထိုင်သူများ အိမ်ထောင်စုရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိ‌စေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်ရန် ကောက်ယူခြင်းဖြစ်ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)