တနင်္သာရီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ထားဝယ်     ဇွန် ၁၆

တနင်္သာရီတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီ ညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး  ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ နယက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင်အောင် က ဧပြီ ၂၄ ရက်နေ့ က နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ကလေးသူငယ် ပပျောက်ရေးဆိုင်ရာ အမျိုးသား  ကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်  ကလေး အလုပ်သမား ပပျောက်ရေး ဆိုင်ရာ ကော်မတီများ၊ လုပ်ငန်း ဆပ်ကော်မတီများနှင့် ခရိုင်/မြို့နယ် အဆင့်ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းပြီး လုပ်ငန်း တာဝန်များ ဆောင်ရွက်အချက်()ချက် ပါဝင်ကြောင်း၊ စာရင်းကောက်ယူပြီးသော လုပ်ငန်းကော်မတီများ ဆောင်ရွက်ဆဲ လုပ်ငန်းစီမံချက်ပါ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အချက်အလက်များကို ၂၀၂၁ ခုနှစ်ဇွန်လ ရက်နေ့တွင် စတင်ဆောင်ရွက်ရန် ဒီဇင်ဘာလ တွင်အပြီးသတ်ပါဝင်ပြီး ကလေး အလုပ်သမား စစ်တမ်းများကို အမျိုးသားကော်မတီသို့ တင်ပြရန် ပါရှိကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် စာရင်း ကောက်ယူရေး လုပ်ငန်းကော်မတီ တာဝန်များပေးအပ်ထားကြောင်း၊ ပေးအပ် ထားသောတာဝန်များကို ယခု တက်ရောက်လာသော ကော်မတီဝင်များအား တွေ့ဆုံပြီး အကူအညီတောင်းရခြင်းဖြစ် ကြောင်း၊ စာရင်း ကောက်ယူရေး လုပ်ငန်းကော်မတီများက ပြုစုတင်ပြလာသည့် ကလေးအလုပ်သမား စစ်တမ်းအစီရင်ခံ စာပါ အချက်အလက်များပေါ် မူတည်ပြီး အခြားလုပ်ငန်း ကော်မတီများ ကလုပ်ငန်းစုအလိုက် ချိတ်ဆက်ပြီး ဆောင်ရွက် သွားရန် လိုကြောင်း၊ ကလေးသူငယ်များသည် အနာဂတ်တွင် မျှော်မှန်းလို့ မရသော အကြီးအကဲများ ဖြစ်လာ နိုင်ကြောင်း၊ အနာဂတ် ကလေးသူငယ်များ၏ တာဝန်များကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ် ကြောင်း ပြောကြားသည်။

ထိုနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ကော်မတီဝင်များက စာရင်းကောက်ယူ ရေး၊ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာများ၊ ဥပဒေရေးရာ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း ခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည် ကုစားရေး၊ အလုပ် အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေး၊ စောင့်ကြည့် အကဲဖြတ် စိစစ်ရေး၊ ရန်ပုံငွေရှာ ဖွေရေးနှင့် ဘဏ္ဍာရေး စသည့် လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးတင်ပြရာ တနင်္သာရီ တိုင်းဒေသကြီး ကလေး အလုပ်သမားပပျောက်ရေး  ကော်မတီ နယက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးတင်အောင် က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။