ကလိန်အောင်မြို့ ထွေ/အုပ် ဝန်ထမ်း သား/သမီးများအား ပညာသင် ထောက်ပံ့ကြေးပေးအပ်

ကလိန်အောင် ဇွန် ၁၆

၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်အတွက် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား သမီးများအား ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေးအပ်ပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပညာသင်စရိတ် ထောက်ပံ့ကြေးပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းသားသမီးတစ်ဦးခြင်းကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ယင်းနောက် ကျောင်းသားမိဘများ ကိုယ်စား ဒေါ်စန်းစန်းအေးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါပေးအပ်ရာတွင် တက္ကသိုလ်အဆင့် ၁၅ဝဝဝိ နှုန်း၊ အထက်တန်းဆင့် ၁ဝဝဝဝိ နှုန်း၊ အလယ်တန်းဆင့် ၇ဝဝဝိ နှုန်း၊ မူလတန်းအဆင့် ၅ဝဝဝိ နှုန်း၊ KG တန်းအဆင့် ၃ဝဝဝိ နှုန်းဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၆)ကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။