ဒဂုံတောင် ဇွန် ၁၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်က အဖွင့်အမှာစကားအနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအားလုံးနှင့် တွေ့ဆုံ မိတ်ဆက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များနှင့် ပတ်သက်၍ အရှိန် အဟုန် မပြတ်ဆောင်ရွက်ကြရန်၊ ပြည်သူက အားကိုးယုံကြည်ရသော နိုင်ငံဝန်ထမ်းများ ဖြစ်သည် နှင့်အညီ ပြည်သူ များအတွက် ဝန်ဆောင်မှုလုပ်ငန်းများအား ကြိုပမ်းဆောင်ရွက်သွားကြရန်၊ ၊ ကိုဗစ်-၁၉ ရောဂါ ထပ်မံ တိုးပွားမှုမဖြစ်လာစေရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ချမှတ်ထား သော လမ်းညွှန် ချက်များ အတိုင်း ဆောင်ရွက်ကြရန်၊ ယခုအချိန်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် လုံခြုံရေး သတိဝိရိယ ရှိစွာနေထိုင်သွားလာကြရန် ပြောကြားခဲ့ပြီး တက်ရောက်လာသူများကလည်း တစ်ဦးချင်း မိတ်ဆက် ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁)က ရပ်မိရပ်ဖအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ များက မြို့နယ် အတွင်း လက်ရှိ ဆောင်ရွက်နေကြသော လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ် များ တိုးတက် ကောင်းမွန်ရေးတို့အတွက်လည်းကောင်း၊ မြို့နယ် အတွင်း လုံခြုံရေးကိစ္စရပ်များအား အလေးထား ကြရန် အသီးသီး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။