ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများလက်ဝယ်အရောက်ပေးအပ်

ရှမ်းရွာသစ်   ဇွန်    ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် အတွင်း လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ယမန်နေ့က မဲလရောကျေးရွာ အုပ်စုနှင့် ရင်းဘိုင်းကျေးရွာအုပ်စု၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ငွေများပေးအပ်ခြင်းလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင် နှင့်တာဝန်ရှိသူများတို့က  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွက် အသက်(၈၅)နှစ် အထက် လူမှုရေးပင်စင်ခံစားခွင့်ရရှိသော သက်ကြီးဘိုးဘွားတစ်ဦးလျှင် (၃၀,၀၀၀/-)ကျပ်နှုန်းဖြင့် ရင်းဘိုင်းကျေးရွာ အုပ်စုရှိ သက်ကြီးဘိုးဘွား(၁၀)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀/-)ကိုလည်းကောင်း၊  မဲလရောကျေးရွာအုပ်စုရှိ သက်ကြီးဘိုးဘွား(၁၈)ဦးတို့အတွက် ထောက်ပံ့ငွေကျပ်(၅၄၀,၀၀၀/-)ကျပ်ကို လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)