မြို့သစ်မြို့နယ် ဗိုလ်ချုပ်လမ်း​ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်

မြို့သစ်   ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲမှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်  တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး ၊   မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေးအတွက်  မြို့တွင်းရပ်ကွက်များရှိဒေသခံပြည်သူများသွားလာမှု လွယ်ကူ စေရန်လမ်းနှင့် တံတား များကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက်အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိ ရာ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အထွေထွေ ပိုလျှံရန်ပုံငွေ ကျပ်(၂၁ဒသမ၅၀)သန်းဖြင့် မြို့သစ်မြို့ ဗိုလ်ချုပ်လမ်းကတ္တရာခင်းခြင်းလုပ်ငန်း အလျားပေ ၁၂၇၀ ပေ× အနံ ၁၂ ပေ×ထု၉လက္မ) ကို  ၂၀၂၁ ခုနှစ်ဇွန်လ ဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှသိရသည်။

အဆိုပါ  ဗိုလ်ချုပ်လမ်း​ ကတ္တရာခင်းခြင်းလုပ်ငန်းကို SKY  Dragon  H.L Trading Company မှ     တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကြီးကြပ်အင်ဂျင်နီယာ ဒေါ်ဟန်လွင်လွင်ဖြိုး  က အနီးကပ် ကြပ်မတ်ဆောင်ရွက်ရာ  စံချိန်စံညွှန်း ပြည့်မီရေးအတွက်  မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့တာဝန်ခံ အင်ဂျင်နီယာ ဦးဗိုလ်ဌေး (S.A.E) နှင့်တာဝန်ရှိသူများက  အနီးကပ် ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း