ငါးသိုင်းချောင်းမြို့၌ လေဘေးသင့်‌နေအိမ်အမိုးလန်ပျက်စီး အိမ်ထောင်စုဝင်များသို့ ကယ်ဆယ်ရေးပစ္စည်း ထောက်ပံ့ပေးအပ်

ငါးသိုင်းချောင်း  ဇူလိုင် ၄         

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ကက္ကူ‌လေးကျေးရွာအုပ်စု၊ ကက္ကူလေးကျေးရွာတွင် ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ(၂)နာရီ (၁၅) မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါကျေးရွာရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် (၁)လုံး အမိုးလန်ပျက်စီးခဲ့ရာ ယင်းနေအိမ်အမိုးလန်ပျက်စီးအိမ်ထောင်စု(၁)စုအား ကျေးရွာအတွင်းရှိ နီးစပ်ရာဆွေမျိုးသားချင်းများနေအိမ်၌ ယာယီရွှေ့ပြောင်း နေရာချထားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ‌လေဘေးသင့်နေအိမ် အမိုးလန်ပျက်စီးအိမ်ထောင်စုသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်း (Hygiene parcel) မိသားစုတစ်ကိုယ်ရေသုံးပစ္စည်း(၁၁)မျိုးပါ ပုံး(၁)ပုံးနှင့် စောင်(၁)ထည်အား ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲကိုယ်စား၊ ငါးသိုင်းချောင်းမြို့ ကြက်ခြေနီ အသင်းခွဲငယ်မှ တာဝန်ရှိသူများနှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် လေဘေးသင့်နေအိမ်အမိုးလန်ပျက်စီး အိမ်ထောင်စုဝင်များ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)