မိတ္ထီလာ၊ ဇူလိုင် ၅
မိတ္ထီလာမြို့တွင် ကိုဗစ်−၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေး စားသောက်ဆိုင် များနှင့် လက်ဘက် ရည်ဆိုင်များ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၆နာရီအချိန်မှ စတင်၍ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်း မရှိဘဲ ပါဆယ်စနစ်(Take Away ) ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ၏ ကိုဗစ်−၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေမှာ လက်ရှိအခြေအနေအရ တတိယလိုင်းအသွင် စတင်ဖြစ်ပွားနေသည်ဟု သုံးသပ်ရပြီး မျိုးရိုးဗီဇပြောင်းလဲသော ရောဂါကူးစက်ဝင်ရောက် ပျံ့နှံ့မှုရှိနေကြောင်း ဓာတ်ခွဲစမ်းသပ်အတည်ပြုချက်များအရ သိရှိရသဖြင့် ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်၊ ကုသခြင်းလုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပြီး ထိုသို့ဆောင်ရွက်ရာတွင် မိတ္ထီလာမြို့နယ်၌ အထူးအလေးထား ကြီးကြပ် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအနက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ ကြေးအိုးဆိုင်များ၊ Hot Pot ဆိုင်များ၊ ခေါက်ဆွဲဆိုင်များ၊ လက်ဘက်ရည်ဆိုင်များမှ ရောင်းချသော အစားအသောက်များအား ဆိုင်ထိုင် စနစ်ဖြင့် ရောင်းချခြင်းမပြုစေဘဲ ပါဆယ်စနစ်(Take Away)ဖြင့် ရောင်းချစေရေးကို စားသောက်ဆိုင် လုပ်ငန်းရှင်များအား ညွှန်ကြားထားပြီး ဖြစ်ရာ အဆိုပါ ညွှန်ကြားထားသည့်အပေါ် တိကျစွာလိုက်နာ ဆောင်ရွက် သွားရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါ တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်