သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခေါင်းစဉ်ဖြင့် (Talk Show) ကျင်းပ ပြုလုပ်

သနပ်ပင် ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ စေတနာ့ဝန်ထမ်းအဖွဲ့တို့ ပူးပေါင်း၍ သဘာဘေးအန္တရာယ်ဆိုင်ရာ (Talk Show) ကို ယနေ့ နံနက်ပိုင်းက  မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ထို့နောက် သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပကည်သူ့ဆက်ဆံရေးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ညိုပြာ မှ   သဘာဝဘေးအန္တရာယ်ဆိုင်ရာ(Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေ‌နီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဒေါ်ဝင်းပပမျိုးက ယခုအချိန်အခါသည် မိုးရာသီ ကာလဖြစ်သောကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်သော ရေးဘ၊ လေဘေး၊ ကပ်ရောဂေါဘေး စသည့် ဘေးအန္တရာယ်များသည် အချိန်အခါမရွေး ကျရောက်နိုင်သော‌ကြောင့် ကြိုတင်ပြင်ဆင် ကာကွယ်မှုများ ပြင်ဆင်ဆောင်ရွက်ထားရန်၊ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မှု မြင့်မားနေသည့်အတွက် ပြည်သူများ အပြင်ထွက်တိုင်း Mask စနစ်တကျ တပ်ဆင်သွားကြရန်၊  လူစု လူဝေးနေ‌ရာများကို အထူးဂရုစိုက် သတိပြုသွားလာရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာသွားရန် စသည့် သဘာဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါဘေး ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား ရှင်းလင်းပြောကြားဆွေးနွေးခဲ့‌ကြောင်း သိရသည်။

လှမိုး (သနပ်ပင်)