ကြံခင်းမြို့နေပြည်သူများ ကိုဗစ်- ၁၉ရောဂါကူးစက်မှုမှ ကာကွယ်ရန် နှာခေါင်းစည်းMask အခမဲ့ဖြန့်ဝေ

ကြံခင်း ဇူလိုင် ၅
 
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့ နေပြည်သူများ ကိုဗစ်−၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ရန် နှာခေါင်းစည်း Mask များကို ယမန်နေ့နံနက် ပိုင်းက မြို့မဈေးထိပ်လူစည်ကားရာနေရာ များတွင် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြန့်ဝေပေးခြင်းကို ရန်ကင်းနှလုံးသားပရဟိတအဖွဲ့မှ နှာခေါင်းစည်း "Mask"အခု (၅၅၀)ကို အခမဲ့ပေးဝေခဲ့ကြောင်းနှင့် ကူးစက်မြန် ကိုဗစ်−၁၉ ရောဂါ (တတိယလှိုင်း)ဖြစ်ပွားချိန်တွင် ပြည်သူများ အိမ်အပြင် ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာစေရန် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း ရန်ကင်း နှလုံးသား ပရဟိတအဖွဲ့ဝင်တစ်ဦးကပြောပါသည်။
အဆိုပါ နှာခေါင်းစည်း Mask အခမဲ့ဖြန့်ဝေခြင်းကို ရန်ကင်းနှလုံးသား ပရဟိတအဖွဲ့နှင့် အတူမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်းပြီးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။