သရက်မြို့မဈေးအား ဇူလိုင် ၉ ရက်နေ့မှ စတင်၍ ရက်သတ္တတစ်ပတ် ပိတ်ထားမည်ဖြစ်

သရက် ဇူလိုင် ၈

 

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီက  စည်ပင်သာယာမြို့မဈေးအား ဇူလိုင်လ ၉ ရက်နေ့ မှစတင်၍ ရက်သတ္တတစ်ပတ် ပိတ်ထားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ဈေးရောင်း၊ ဈေးဝယ်များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

သရက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်သူအရေအတွက်မှာ ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင် ၇ ရက်နေ့အတွင်း (၁၀၁) ဦးအထိရှိလာသဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရေး မြို့မဈေးကြီးအား ရက်သတ္တ တစ်ပတ် ပိတ်ထားသော်လည်း မြို့နယ်အတွင်း မိဘပြည်သူများ အဆင်ပြေစေရန် ဗိုလ်ချုပ် အားကစားကွင်းရှိ ယာယီပျံကျဈေးနှင့် အသားငါးဈေးတို့အား ပုံမှန်ဖွင့်လှစ်ထားမည်ဖြစ်၍ ဈေးရောင်းချ သူများအနေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားထားသည့် စည်းကမ်းနှင့်အညီ ခင်းကျင်း ရောင်းချကြရန် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထက်မြက်အောင်နှင့် အဖွဲ့ဝင်များက ဈေးအတွင်း အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဇော်ဝမ်းထွန်း(အောင်လံ)