တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း ကွင်းဆင်း ဆောင်ရွက်

တောင်တွင်းကြီး  ဇူလိုင်  ၈

 

မကွေးတိုင်းဒေသကြီး ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တောင်တွင်းကြီးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာသို့ နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်ကိုင်ဆောင် ခွင့်ရရှိစေရန်အတွက် ယမာန်နေ့နံနက်ပိုင်းက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား  ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်း ဆောင်ရွက်ပေး ရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ ပျက်စီး မှုမရှိစေရေး စနစ်တကျ ကိုင်တွယ် အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

 

အဆိုပါ ကျေးရွာရှိ   အသက် (၁၈) နှစ်ပြည့်  နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူ(၆၈)ဦးတို့အား အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားအခမဲ့ ပြုလုပ် ဆောင်ရွက် ပေးခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းအသစ်ပြုလုပ်သူ မိသားစုများအတွက်လည်း စာရင်းများ ရယူပေးခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက် ပေးခြင်းကို ၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့မှစတင်ကာ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့အထိ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း တောင်တွင်းကြီးမြို့ နယ် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးကျော်ထူး ထံမှသိရသည်။  

 

နိုင်ဝင်း