တာချီလိတ် ဇူလိုင် ၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ ဆေးဝါးကုသမှု အဆင်ပြေစေရန်အတွက် တပ်မတော်သားများမှ ကုသဆောင်များ ကြိုတင်ပြင်ဆင်မှုကို ယမန်နေ့က ခရိုင်အားကစားရုံတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
တာချီလိတ် (အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း ဦးဆောင်သော တပ်မတော်သားများမှ အားကစားရုံအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ အားကစားရုံ၏ ဘေးပတ်ဝန်းကျင်အား အကာအရံများပြုလုပ်ခြင်း၊ ခုတင်များ ပြင်ဆင်လဲလှယ်ခြင်းနှင့် ရေချိုးခန်းအိမ်သာ စသည်တို့အား စနစ်တကျ တပ်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တာချီလိတ်မြို့တွင် ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံထားရသူ (၁၈၉) ဦးရှိကြောင်း သိရသည်။
ယာဆေး