ပခုက္ကူမြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပခုက္ကူ ဇူလိုင်  ၈

 

မကွေးတိုင်းဒေသကြီး၊  ပခုက္ကူမြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၈ရက် နံနက်၁၀နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများမကြောင်းကို ရှင်းလင်းဆွေး နွေးပြီး   တက်ရောက်လာသည့် အဖွဲ့ဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက  ရောဂါပိုးကူးစက်ခံရသည့်လူနာများနှင့် ၎င်းတို့နှင့် ထိစပ်ခဲ့သူများအား Contact Tracing ရယူပြီး အမြန်ဆုံးဖော်ထုတ်နိုင်ရေး၊ Stay at Home ဒေသများမှ ပြည်လည် ဝင်ရောက်လာသူများအား သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဒေသခံပြည်သူများပူးပေါင်းပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်ညှိနှိုင်းပြီး Community Based Facility Quarantine ဆောင်ရွက်ရန်၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အရေးပေါ်လိုအပ်သည့် နေရာများတွင်သွားရောက်ကူညီဆောင် ရွက်ပေးနိုင်ရန် စေတနာ့ဝန်ထမ်းများ အမြန်ဆုံးစုဆောင်းတာဝန်ပေးနိုင်ရန်၊ မြို့နယ်အတွင်းရှိ လူစည်ကားသည့် နေရာများ၊ အဆောက်အဦများတွင် ပိုးသတ်ဆေးဖျန်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ စျေးများအတွင်း  စားသောက်ကုန်၊ နေ့စဉ်သုံးပစ္စည်း များနှင့်ဆေးဝါးအရောင်းဆိုင်များမှအပ   ကျန်ကုန်ပစ္စည်းအရောင်းဆိုင်များ  ခေတ္တပိတ်ထားရန်နှင့်စားသောက်ဆိုင်များအာလုံး ပါဆယ်စနစ်ဖြင့်သာရောင်းချရန် ညွန်ကြားစာများအတိုင်း ကြပ်မတ်စစ်ဆေးဆောင်ရွက်ရန်၊ မြို့နယ်အတွင်းရှိ ပြည်သူများအား  နယ်မြေကျော်လွန် သွားလာမှုမရှိရေးတို့ကို ထိန်းချုပ်ကန့်သတ်ဆောင်ရွက်ရန်တို့ကို အသီးသီးအကြံပြုဆွေးနွေးကြသည်။

 

ထို့နောက်  မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက  ရောဂါကူးစက်ပြန့်နှံ့မှု လျော့နည်း စေရန်နှင့် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများအားလုံး ပူးပေါင်းပါဝင်ကူညီဆောင်ရွက်မှသာ မိမိတို့မြို့နယ်အတွင်း  ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့နည်းမည် ဖြစ်ကြောင်း  ပြန်လည်ဆွေးနွေးပြောကြားသည်။ 

 

ဆလိုင်းကိုကီး