ရွှေတောင်မြို့၌ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချရန် လိုက်လံအသိပေး ဆောင်ရွက်

ရွှေတောင် ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များ နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချရန် ရွှေတောင်မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက ယနေ့ နံနက်ပိုင်းက  လိုက်လံအသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။

ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၊ မြို့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လဝကဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများက ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပေးမှာကြားခဲ့ပြီး ဆိုင်ထိုင် ရောင်းချမှုများ တွေ့ရှိ၍ တိုင်ကြားပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အသိပေးမှာကြားခဲ့ကြောင်း သိရ သည်။

ကိုကိုမင်း