ရွှေဘို ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်း ယနေ့မွန်းလွဲ ၁၂ နာရီခွဲခန့်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် နေ့စဉ်ကုန်တင်ယာဉ်ကြီးများမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ အနံ့မရ၍ လာရောက်စစ်ဆေးသူများ၊ မော်တော်ယာဉ် အဝင်အထွက်များတွင် လိုက်ပါလာသည့် ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ရွှေဘိုမြို့အမှတ် ၁ ရပ်ကွက်နေ ဒေါ်လှ (ငါးဒိုင်)သမီး ဦးမြင့်အောင်+ဒေါ်မီမီခိုင် (ခိုင်သဇင်ရေခဲစက်)မှအလှူငွေ ၅ သိန်း၊ ဒေါ်လှ(ငါးဒိုင်)သမီး ဦးစိန်မြင့်+ဒေါ်မိုးမိုးခိုင် (ခိုင်သဇင်ငါးအစာတောင့်စက်ရုံ)မှ အလှူငွေ ၅ သိန်း၊ အမှတ်(၁)ရပ်ကွက် ဦးအောင်ကျော်ဦး(စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးသားပေါက်လုပ်ငန်း)မှ အလှူငွေ ၅ သိန်း၊ ကန့်ဘလူခရိုင် ဘူးကြီးကျေးရွာ ဦးမိုးကျော်သူ+ဒေါ်ချိုချို(ကုန်သည်)မှအလှူငွေ ၅ သိန်းစုစုပေါင်း အလှူငွေသိန်း ၂၀ ကိုရွှေဘိုမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းထံ လာရောက်လှူဒါန်းခဲ့ကြရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြပြီးနောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်းသိရသည်။
ဘိုစိုး(ရွှေဘို)