ထားဝယ် ဇူလိုင် ၁၇
မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇပြောင်းလဲလာသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု များပြား လာသဖြင့် ကူးစက်ခံရသူအရေအတွက် နေ့စဉ်မြင့်တက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် သစ်လွင်ထူး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ Positive လူနာများထားရှိမည့် ထားဝယ်ပြည်သူ့ ဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်သစ်လွင်ထူးတို့က ထားဝယ်ပြည်သူ့ ဆေးရုံးကြီးဝင်းအတွင်း အောက်စီဂျင်စက်ထားရှိမည့် နေရာအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ကိုဗစ်-၁၉ Positive လူနာများထားရှိမည့် ထားဝယ်ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်းရှိ အဆောင်များတွင် အိပ်ယာနှင့်နေရာအထိုင်အခင်း ၊ စားသောက်ဖွယ်ရာ၊ ရေချိုးခန်း၊ အိမ်သာ၊ ရေမီး လုံလောက်စွာထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး က Positive လူနာများအတွက်ထားဝယ် ပြည်သူ့ဆေးရုံကြီးတွင် (၅၈) ဦး နှင့် သူနာပြုသင်တန်းကျောင်းတွင် (၁၉၂) ဦးစီစဉ် ဆောင်ရွက်ထားရှိကြောင်း၊ Positive လူနာဦး ရေအပေါ်မူတည်၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နေရာအထိုင်အခင်း လုံလောက်စွာ ရှိကြောင်း ရှင်းလင်းတင်ပြပြီး ၄င်း၏ရှင်းလင်းတင်ပြမှုအပေါ် တနင်္သာရီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ထားဝယ်ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်း တာဝန်ခံများက Positive လူနာများအတွက် wifi နှင့် ဘော်လန်ဒီယာများအတွက် စားသောက်ဖွယ်ရာများ စိစဉ်ဆောင်ရွက် ပေးစေလိုကြောင်း ရှင်းလင်းတင်ပြရာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်