ပူတာအိုမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အသံချဲ့စက်ဖြင့်လိုက်လံအသိပေးနှိုးဆော်
Jul 21,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ပူတာအိုမြို့နယ်တွင် ယခုလ ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများလာခြင်းကြောင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင် ဦးဆောင်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးမိုးနိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတိတုနှင့် တပ်ဖွဲ့၀င်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲအုပ် နေသာအောင်နှင့် တပ်ဖွဲ့၀င်များ ပူးပေါင်းကာ ယနေ့ နံနက်(၉)နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်များရှိ လူအသွားအလာများသည့် လမ်းဆုံလမ်းခွများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေးနိူးဆော်ခဲ့ကြသည်။