ပင်းတယ ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရန် ထိန်းချုပ်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ ဝန်ထမ်းများ၊ မြို့နယ် အဆင့်ကော်မတီအဖွဲ့ဝင်များ၊ ပင်းတယ မြို့မ ရဲတပ်ဖွဲ့ ဝင်များနှင့်မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး Faciality Quarantine Center တိုးချဲ့ဆောင်ရွက်မှု အခြေအနေ များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်အတွင်း ယမန်နေ့အထိကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း (၁၄၄)ဦးနှင့် သေဆုံးလူနာ သုံးဦးပြီး ကိုဗစ်အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်သူ များကိုကုသရေးလုပ်ငန်း များ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပင်းတယမြို့ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ အော်ယော်ရပ်ကွက်တွင်ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမူကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ပင်းတယ (ပြန်/ဆက်)