ဟိုပုံးမြို့နယ်၌ Quaratine Centre ထားရှိမည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဟိုပုံး  ဇူလိုင် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် Quaratine Centre ထားရှိမည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် ၁၁နာရီက Quaratine Centre ထားရှိမည့် နောင်တောင်းဗုဒ္ဓကောလိပ်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ထို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး လင်းကျော်ခိုင်၊ မြိို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မောင်မောင်သိန်းတို့က နောင်တောင်းဗုဒ္ဓကောလိပ်တွင် Quaratine Centre ထားရှိမည့်  နေရာများ ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။ ပြည်တွင်း/ပြည်ပ၊ Stay at Home မြို့နယ် များမှ  ပြန်လည်ဝင်ရောက်လာသူများကို နောင်တောင်းဗုဒ္ဓကောလိပ်ရှိ  Quaratine Centre တွင် ထားရှိမည်ဖြစ်ပြီး သာသနာ့ဗိမာန် Quaratine Centre တွင် ကျား(၅၀)ဦး၊ မ(၅၀)ဦး စုစုပေါင်း (၁၀၀)ဦး ကိုဗစ်-၁၉ရောဂါ(Positive)လူနာ လက္ခဏာပြင်းထန်မှုမရှိသူများကို ထားရှိမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာပြင်းထန်ပါက ဟိုပုံးမြို့ပြည်သူ့ဆေးရုံတွင်ထားရှိသွားမည် ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)